Mean Girls (2004)
နာမည်ကျော်မင်းသမီး လင်းဆေးလိုဟန် ပါဝင်သရုပ်ဆောင်ထားတဲ့ Rating မြင့် Teen School
ကျောင်းသား အချစ် ဟာသ ရုပ်ရှင်ဇတ်မြူးလေး ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကို April 30, 2004 (USA) မှာ ရုံတင်ပြသခဲ့တာဖြစ်ပြီး ရိုက်ကူးစဉ်က Budget $17 million သာကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ $130 million ရရှိခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်မှုရရှိခဲ့တဲ့ဇာတ်ကားပါ။
ဇာတ်လမ်းကတော့...
နယ်ကပြောင်းလာပြီး သက္ကသိုလ်ကျောင်းတက်ရတဲ့ ကေဒီ တစ်ယောက် ကျောင်းမှာ ထူးထူးဆန်းဆန်းတွေသာ မြင်ရပါတယ သူမြင်နေကြ မဟုတ်တဲ့ ဂုဏ်အရှိန်အဝါ ပြိုင်ဆိုင်တာတွေ အလှပြိုင်တာတွေ အဆင့်အတန်း ခွဲတာတွေ နဲ့ အုပ်စုလိုက် သွားလာတက်တာတွေကို စတင် လေ့လာရပါတော့တယ်..
သူတို့ ကျောင်းမှာ နာမည်ကြီးနေတဲ့ ပလစ်စတစ် ကောင်မလေး အဖွဲ့က ကေဒီ ရဲ့ အလှကို စတင် သတိထားမိသွားပြီး ကေဒီ ကို သူတို့ အဖွဲ့ထဲ
စတင်ခေါ်ပါတော့တယ်…
ရိုးသား တဲ့ ကေဒီတစ်ယောက် အလှတွေ ပြင်တက်လာပြီး အချစ်နဲ့ တွေ့ပြန်တော့လဲ မလုပ်ဖူးတဲ့ လိမ်ညာတာတွေ သူများကို ချောက်တွန်းတာတွေ စတင်လုပ်ဖြစ်လာပြီး မူလ ရိုးသားပြီး စာတော်တဲ့ ကေဒီ ရဲ့ ပုံစံလေးဟာ တစ်ဖြေးဖြေး ပျောက်ကွယ်ခဲ့ပါတယ်....
ပလစ်စတစ် ကောင်မလေးများ အဖွဲ့မှာ ကေဒီ တစ်ယောက် နေရာရလာမလား ..သူမ ရဲ့ ရိုးသား မှု နဲ့ အချစ်ရဲ့ အားပြိုင်မှုတွေကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာကိုတော့ Mean Girl ရုပ်ရှင်လေးမှာ ကြည့်ရှုခံစားလိုက်ပါနော်။
File size…(2 GB) and (1.1 GB)
Quality….BluRay 1080p and 720p 5.1CH
Duration….01:37:00
0 Comments: