Dil Ka Rishta (2003)
ကျွန်တော်တို့ငယ်ငယ်တုန်းက မဂ္ဂဇင်းတွေမှာ မျက်ဝန်းလဲ့ပြာပြာ မျက်ခုံးကောင်းကောင်း နှုတ်ခမ်းဖူးဖူးနဲ့ အိန္ဒိယမင်းသမီးတစ်ပါးကို မကြာခဏမြင်ဖူးခဲ့ကြပါတယ်...
သူကတော့ ၁၉၉၄ ခုနှစ်ရဲ့ Miss World ဆုရှင် Aishwarya Rai ပါပဲ...
အခုတင်ဆက်မှာကတော့ သူပါဝင်သရုပ်ဆောင်ထားတဲ့ Drama,Romance ဇာတ်ကားလေး ပဲဖြစ်ပါတယ်..
Dil Ka Rishta ဆိုတာ မြန်မာလိုဆို နှလုံးသားနှောင်ကြိုးလို့ အဓိပ္ပာယ်ရပါတယ်...
ဆွေးမြေ့ဖွယ်ဇာတ်ကားနာမည်က Rai ရဲ့ရီဝေဝေအလှတွေနဲ့ အပ်စပ်လွန်းလှပါတယ်...
ဇာတ်လမ်းကတော့ ၃ ပွင့်ဆိုင်ဇာတ်လမ်းပါ...
တစ်ယောက်က မီလျံနာသူဌေးသား...
မင်းသမီးက ချစ်ရသူရှိပြီးသား ဆရာမလေး...
သူဌေးသားက ပိုင်ရှင်ရှိပြီးသား ဆရာမလေးကိုမှ ချစ်မိသွားတဲ့အခါမှာတော့....
၃ ပွင့်ဆိုင် ဇာတ်လမ်းမှာ ၂ ယောက်ထဲ ရှေ့ဆက်ဖို့ဆိုတာ ရင်ကိုခွဲထုတ်သလို နှလုံးသားနှောင်ကြိုးတွေကိုဖြတ်ချရတာမျိုးပါပဲ..နာကျင်ရတယ်....
ဒါပေမယ့် အချစ်ဆိုတာ နာကျင်ခံခက် ကြည်နူးဆွတ်ပျံ့တဲ့ ဘုရားသခင်ရဲ့ပြစ်ဒဏ်မျိုးပဲမလား....။
File size…(2.7 GB) and (1.7 GB)
Quality….WEB-DL 1080p and 720p 5.1CH
Duration….02:30:00
Download Link
..... Thank For Watching ......
0 Comments: