Coming Soon

Thai Seires

Action Movies

Animation Movies



Korean Seires

 

Fast X (2023)

Fast and Furious ဖရန်ချိုက်ရဲ့ ရုပ်ရှင်အသစ် အဗန်ဂျာ အဲလေ Fast X လာပါပြီ။ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းပိုင်း ရုပ်ရှင် ၃ ကားထဲက ပထမကားလို့ ဆိုထားပါတယ်။ဒါရိုက်တာကတော့ Hulk, Now You See Me, Transporter တို့လို ကားကြီးတွေကို ရိုက်ခဲ့တဲ့ Louis Leterrier ပါပဲ။

သရုပ်ဆောင်တွေအနေနဲ့တော့ ဗန်ဒီဇယ်၊ ဂျွန်စီနာ တို့အပြင် တိုကျိုဒရစ်ထဲက မင်းသား Sung Kang ကပါHan အဖြစ် ပြန်ပြီးပါဝင်ထားပါသေးတယ်။ အခြားမထင်ထားတဲ့သူတွေလည်း ဧည့်သည်အနေနဲ့ပါလာပါသေးတယ်။ ဗန်ဒီဇယ်နဲ့ မင်းသားကြီး The Rock တို့ ခွာပြဲထားကြတာလည်း ပြန်အဆင်ပြေသွားပြီမို့နောက်အပိုင်းတွေမှာ The Rock လည်း ပါဝင်လာတော့မယ်ထင်ပါတယ်။ပထမကားထဲကမူရင်းဇာတ်ကောင်အနေနဲ့တော့ Vin Diesel, Michelle Rodriguez နဲ့ Jordana Brewster တို့ပဲ ကျန်ပါတော့တယ်။ဇာတ်လမ်းကတော့ ထုံးစံအတိုင်းအက်ရှင်အသားပေးပါပဲ။ ဒွန်တို့ရဲ့ မိသားစုကြီးကို ကလဲ့စားချေဖို့ လိုက်လာတဲ့လူဆိုးတစ်ယောက်နဲ့ရင်ဆိုင်ရတာပါပဲ။ ဒွန်တို့ ရှင်းပစ်ခဲ့တဲ့ ဘိန်းရာဇာ ရေးယက်စ်ရဲ့သား ဒန်တေဟာ ဒွန့်ကို မသတ်ခင်ဒွန်ရဲ့မိသားစုနဲ့အရာရာကို ဖျက်ဆီးဖို့ အကွက်ချစီစဉ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ထောင်ချောက်ဆင်ခဲ့တာပါ။အဲဒီထောင်ချောက်တွေကို ထုံးစံအတိုင်းမိသားစုအားနဲ့ ဘယ်လိုကျော်လွှားပြီး ရင်ဆိုင်မလဲဆိုတာ ကြည့်ရမှာပါ…မိသားစုဆိုတာ မသိမှာစိုးလို့ ဇာတ်ကားထဲမှာ ၅၆ ကြိမ် ပြောသွားခဲ့ပါတယ်… 


File Size : (1.5GB)

Quality : AMZN.4K,WEB-DL.1080P5.1Ch, 720p

Format…mp4

Duration…02:21:00

Genre : Action ,Adventure , Crime



GDRIVE (720)



..... Thank For Watching ......





The Fast And The Furious  (2001-2019)

FF ပရိတ်သတ်တွေအတွက် ပြန်ကြည့်ရအောင် စုတင်ပေးလိုက်ပါတယ်......


Download Link

F9 : The Fast Saga (2021)

Channel Myanmar မှကူးယူဖော်ပြသည်။ 

ဆိုက်ဖာဆိုတာအရင်တုန်းက ဒွန်လို လူမျိုးကိုတောင် လိုသလိုခိုင်းလို့ရအောင်လုပ်နိုင်တဲ့အမျိုးသမီးဆိုတာအားလုံးသိကြမှာပါ။

အဲ့တုန်းက ပေးဆပ်မှုပေါင်းများစွာနဲ့ ဆိုက်ဖာကို ဖမ်းဆီးထိန်းသိမ်းခဲ့ပေမဲ့.....

ဒီ F9မှာတော့ သူမကိုဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ လေယာဉ်က ပစ်ချခံလိုက်ရတဲ့အပြင် လေယာဉ်ပေါ်ကအရေးပေါ်အချက်ပြကလည်း ထူးဆန်းစွာပဲ ဒွန်တို့အဖွဲ့ဆီကိုပဲ ရောက်လာခဲ့ပါတယ်....

ဒွန်တို့ဟာ မိသားစုနဲ့အတူ Work Shopလေးဖွင့်ပြီးအေးဆေးစွာနေပေမဲ့ အစိုးရဆီကိုတောင်မယုံရလို့
အချက်ပြမရောက်ဘဲ သူတို့ဆီကိုပဲပို့ခဲ့လို့...

ဒီပြဿနာအရှုတ်ကြီးဆို သူတို့အဖွဲ့ မပါမဖြစ်ပါလာရပါတော့တယ်....

လေယာဉ်ကိုဘယ်သူတွေပစ်ချခဲ့တာလဲ....

ဆိုက်ဖာကိုဘယ်သူတွေကကယ်သွားလဲ.....

ဒွန်တို့ရော ဒီအရှုတ်တွေကိုရှင်းနိုင်ပါ့မလား...

ပြီးတော့ John Cena ကြီးလည်း ပါလာပြီး အကြမ်းစားဘဲကြီးအဖြစ်ထည့်သွင်းထားလေတော့ ပိုမြိုင်လာတယ်လို့ပြောရမှာပဲ...

Cardi-Bကလည်း ခပ်ကြမ်းကြမ်းဝင်ဖိုက်ထားသေးရဲ့.... F ဇာတ်လမ်းတွေဟာ နောက်ပိုင်းတစ်ချို့သောသူတွေဝေဖန်ကြပါတယ်။

ဘရိုင်ယန်မပါတဲ့နောက်ပိုင်း ပေါ့သွားတယ်ဘာညာပေါ့လေ..

သို့ပေမဲ့လည်း ထွက်တဲ့ဇာတ်လမ်းသစ်တွေတိုင်းမှာ ဇာတ်ကောင်အသစ်တွေ အက်ရှင်ခန်းဆန်းဆန်းပြားပြားတွေထည့်ပြီး သန်းပေါင်းများစွာကုန်ကျခံရိုက်လေတော့ ကြည့်ပျော်နေတာတော့ငြင်းမရပါဘူး....

ဒါ့ကြောင့် ဘေလေးအနည်းငယ်ကုန်ကျခံလိုက်ရုံနဲ့ နင်းကန်မိုက်တဲ့ရုပ်ရှင်ကားကိုကြည့်ရမှာမို့ တန်ပါတယ်ဗျာ..

File Size :(1.4GB)

Quality : WEB-DL 720p

Duration…02:23:00

Genre : Action, Crime , Adventure


Download Link



..... Thank For Watching ......

 


2011 မှာထွက်ရှိခဲ့တဲ့ Bollywood Horror Movie တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။

ဒီဇာတ်လမ်းကတော့ အရမ်းကို ထိပ်လန့် ကြောက်မက်ဖွယ်ကောင်းတဲ့ အိမ်ကြီးတစ်အိမ်မှာ ကြောက်လန့်စွာအော်နေတဲ့ အော်သံတွေနဲ့ အစပြိုးထားပေမယ့် တကယ့်ကို ကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လို့ ဆိုရမှာပေါ့။ 

ဇာတ်အိမ်မှာ တော့ ဇာတ်ဆောင်တွေ များများစားစား မပါဝင်ပဲ ပျင်းစရာမ‌ကောင်းအောင်ရသမျိုးစုံ နဲ့ စိတ်လှုပ်ရှားဖွယ်တင်ဆက်ထားပါတယ်။ 

မင်းသမီး ကို မင်းသားရဲ့ စိတ်လှုပ်ရှားဖွယ် ကယ်ဆယ်မှုတွေကို မရိုးအီအောင် မြင်ရပြီး အချစ်အတွက် စွန့်လွှတ်အနစ်အနာခံမှုတွေကိုလဲ ရသမြောက်စွာခံစားရပါလိမ့်မယ်။

ကဲ ဘာလိုသေးလဲ.....

File Size : 1 GB

Quality : Blu ray 720P

Running Time : 2 hr 23 minute


Download Link
1080P


..... Thank For Watching ......







 


ပရိသတ်တွေမျှော်နေကြတဲ့ ပျောက်ဆုံးနေသော မြို့တော်လာပါပြီ။

တောတွင်း စွန့်စားခန်းတွေ၊ ရတနာရှာတာတွေကို ဟာသကားအနေနဲ့ ရိုက်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။

သရုပ်ဆောင်တွေကလည်း ဆန်ဒရာဘူးလော့၊ ချန်းနင်းတေတမ်၊ ဘရက်ပစ်၊ ဒယ်နီရယ် ရက်ကလစ်ဖ်တို့ဆိုတော့ အားလုံးရင်းနှီးပြီးသားပါပဲ။

ဇာတ်လမ်းအကျဉ်းကတော့ 

လော်ရက်တာဆိုဆိုတဲ့ စာရေးဆရာမဟာကောလိပ်ကျောင်းသူဘဝမှာ ရှေးဟောင်းစာပေတွေကိုလေ့လာခဲ့ပေမဲ့ 

ခင်ပွန်းဖြစ်သူ ရှေးသုတေသနပညာရှင် သေဆုံးခဲ့ပြီးတဲ့နောက်မှာ ရှေးဟောင်းသမိုင်းတွေကို ရေးသားထုတ်ဝေခဲ့ပေမဲ့ လူကြိုက်မများခဲ့ပါဘူး။

ဒါကြောင့် သမိုင်းနည်းနည်းနဲ့ အဖော်အချွတ်များများ ဆော်ကြိုက်ဘဲကြိုက် ပေါ်ပင် အချစ်ဇာတ်လမ်းတွေ တွဲရေးလိုက်တဲ့အချိန်မှာမှ အောင်မြင်သွားပါတော့တယ်။

အဲဒီလိုအောင်မြင်လာတဲ့အချိန်မှာပဲ သူ့စာအုပ်ထဲမှာ နည်းနည်းလေးပါနေတဲ့ သမိုင်းအမှန်တွေနဲ့ရှေးဟောင်းစာပေ ဘာသာပြန်တွေကို အစစ်အမှန်မှန်းသိသွားတဲ့ ရတနာသိုက်မုဆိုးတစ်ယောက်ဟာ လော်ရက်တာကို ဖမ်းပြီး ပျောက်ဆုံးနေတဲ့ရှေးဟောင်းမြို့တော်ရဲ့ ရတနာတွေကိုရှာတဲ့နေရာမှာ အသုံးချဖို့ကြိုးစားလာပါတော့တယ်။

ဒါကိုပဲ လော်ရက်တာကို ကြိတ်ကြိုက်နေတဲ့ စာအုပ်မျက်နှာဖုံးမော်ဒယ် အလန်ကပါ
နောက်ကနေ စွန့်စားခန်းတွေဖွင့်ပြီး လိုက်ကယ်တင်လာတဲ့အခါ ကဲဘာဆက်ဖြစ်မှာလဲ.....

Quality….4K HEVC | WEB-DL 1080p | 720p | 480p

File size…4.35GB | 1.8GB | 800MB | 292MB

Duration….1h 52min




Download Link

4K HEVC
480P
1080P
720P








..... Thank For Watching ......

အညွှန်း

Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterio က ဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ။

အခုဇာတ်ကားကလည်း အဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့။

လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီး ပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..

ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့် အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကို အကူအညီတောင်းဖို့သွားပါတော့တယ်..

Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက်

အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိ

ကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ဧည့်သည်တွေရောက်လာတဲ့အခါမှာတော့...

ပီတာတစ်ယောက်ဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာဆက်လက်ခံစားကြည့်လိုက်ရအောင်


Quality : Blu-ray 1080p,720p,480p

Genres : Action , Adventure , Fantasy

During : 2h 28 mins


Download Link
(1080)
(720)
(480)





..... Thank For Watching ......










အညွှန်း

ဆရာအူဒွန်လို့ခေါ်တဲ့ထိုင်းဆရာကြီးတယောက်က Fight Club ဆိုတဲ့သင်တန်းတခုကိုထူထောင်ခဲ့တယ်။
သူဆုံးတော့ သူ့သားက ဒီသင်တန်းကိုဆက်ပြီးဦးဆောင်ခဲ့တယ်။

အဖေဆုံးပြီးအမေနဲ့ပင်ပင်ပန်းပန်းရုန်းကန်ရတဲ့သူတို့အဖွဲ့အတွက် အတော်ဆုံး သိုင်းအဖွဲ့တွေကိုယှဉ်ပြိုင်စေပြီးနောက်ဆုံးအနိုင်ရတဲ့ အဖွဲ့ကို ဟောလီ၀ုဒ်မှာ အလုပ်လုပ်ဖို့ကမ်းလှမ်းခံရမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကသူတို့အတွက်တော့ ဘုရားပေးတဲ့အခွင့်ရေးဖြစ်လာခဲ့တယ်။


ဒီကမ်းလှမ်းချက်ရဲ့နောက်ကွယ်မှာဘာတွေရှိမလဲ…

တကယ်ပဲသူတို့ကို ဟောလီ၀ုဒ်ခေါ်သွားမှာလား….

street fight ပုံစံမျိုးလောင်းကစားလုပ်လေ့ရှိတဲ့ နိုင်ငံခြားသားတချို့ရဲ့ အစီအစဉ်အရသူတို့ကို လောင်းကြေးထပ်သောအခါ…….

မူရင်းထိုင်းစာဖိုင်ကို အင်္ဂလိပ်လိုပြန်ထားတဲ့အတွက် အင်္ဂလိပ်လိုပြောတဲ့အခန်းတွေမှာ စာတွေပါမလာပေမယ့်

အတိုက်အခိုက် အသတ်အပုတ်ကြည့်ချင်သူတွေအတွက်တော့ စိတ်ကြိုက်တွေ့စေမယ့်ဇာတ်ကား​​
တစ်ကားဖြစ်ကြောင်းညွှန်းပါရစေ


File size…(700MB)  

Quality…BR-Rip 720p

Duration….01:44:24



Download Link


STREAM VIDEO


..... Thank For Watching ......



အညွှန်း
ရုံတင်ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WebDLအကြည်ကို တင်ဆက်ပေးထားပါတယ်။

မင်းသား ဂျားရက်လေတိုရဲ့ စူပါဟီးရိုးကားအသစ် ရပါပြီ။

မောဘီးယက်စ်ဆိုတာ စပိုက်ဒါမန်းကာတွန်းတွေထဲမှာ ပါဝင်ခဲ့ပြီး ဗန်နွန်လိုပဲ လူဆိုးမဟုတ်လူကောင်းမဟုတ်အကောင်ပါပဲ။

ဒရက်ကူလာလို သွေးစုပ်ကောင်ဖြစ်ပြီး မှော်အစွမ်းအရ ဖြစ်လာတာမဟုတ်ပဲ သိပ္ပံစမ်းသပ်မှုတစ်ခုကနေ ဖြစ်လာခဲ့တာပါ။ 

သွေးစုပ်ကောင်မုဆိုး ဘလိတ်ဇာတ်လမ်းမှာလည်း ပါဝင်ဖူးပြီး မာဗယ်ကာတွန်းတွေအရတော့ ဘလိတ်ကို လူတစ်ပိုင်းသွေးစုပ်ကောင်တစ်ပိုင်းဖြစ်စေခဲ့တဲ့လူလည်း ဖြစ်ဖူးပါတယ်။

ဒီရုပ်ရှင်ထဲမှာတော့ ဒေါက်တာ မိုက်ကယ် မောဘီးယက်စ်ရဲ့ သွေးစုပ်ကောင်ဖြစ်လာပုံကို ပြသထားပြီး နောက်ဆုံးအခန်းမှာတော့ စပိုက်ဒါမန်းနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်သွားခဲ့ပါတယ်။

ကြည့်ကြည့်လိုက်ကြဖို့ဖိတ်ခေါ်အပ်ပါတယ်။


File size…1.6GB / 900MB

Quality…1080p WEB DL AAC2.0CH / 720p WEB DL

Format…mp4

Duration….1h 44m

Download Link

(1080p)
 

(720p)


STREAM VIDEO


..... Thank For Watching ......

 

The Mind Game (2021)

 ❝ ဝင်္ကပါကစားပွဲ ❞ (2021)

ထက်ထိုင်အဖြစ် Bank Thiti
ခင် အဖြစ် Peak Pattarasaya

ဇာတ်လမ်းအကျဉ်း

စီးပွားရေးလုပ်ငန်းကြီးတစ်စုရဲ့ အမွေဆက်ခံသူဖြစ်သူ ထက်ထိုင်ဟာသူ့အတွက် အရာအားလုံးဟာ ပန်းခင်းလမ်းပါပဲ..


လက်ညှိုးညွှန်ရာ ရေဖြစ်သလို လက်ဖျောက်တစ်ချက်အတွင်း သူလိုချင်တာ ရနိုင်တဲ့အနေအထားမျိုးပါပဲ..

သူ့အပျော်တွေနဲ့ သူဌေးလေးဘဝဟာ ကြာကြာတော့မခံပါဘူး...

တစ်နေ့တော့

မသမာသူ လူတစ်စုဟာ စနစ်တကျနဲ့ အမှုဆင်ပြီး တရားခံဖြစ်အောင် ထက်ထိုင်ကို ကြံစည်ကြပါတယ်..

ဒီ လူယုတ်မာအဖွဲ့ရဲ့ လက်ချက်ကြောင့် ထက်ထိုင်တစ်ယောက် ဖျင်လေးတစ်နေရာစာတောင်ထိုင်လို့မရအောင်ဒုက္ခရောက်ပါတော့တယ်...

 သက်သေအားလုံးသူ့ကိုပဲ ညွှန်းဆိုနေလို့ ကယ်ဖို့လည်းလူမရှိနဲ့ နောက်ဆုံး ဒီကိစ္စကြီးတစ်ခုလုံးကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားပါတော့တယ်... 

သူ့မှာ တစ်ခြားသူတွေနဲ့မတူတဲ့ ထူးခြားစွမ်းအင်လည်းရှိတာကြောင့် ဒီစွမ်းရည်ကိုအသုံးချပြီး ပြဿနာပေါင်းစုံကိုဖြေရှင်းပါတော့တယ်...

အချိန်မရွေးအသက်ပျောက်နိုင်တဲ့ မသမာသူတွေကြားမှာ သူဘယ်လိုရုန်းထွက်မလဲ...

ဝင်္ကပါဆန်ပြီး ရှုပ်ထွေးလွန်းတဲ့ ကစားပွဲထဲကနေ လွတ်မြောက်နိုင်ပါ့မလား?

ထိုင်းနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး Aum Patcharapa ရဲ့ နာမည်ကြီး အက်ရှင်ဇာတ်ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်လို့ ဇာတ်လမ်းက လုံးဝကောင်းမွန်နေမှာမလွဲပါ...

Native Title: จิตสังหาร

Also Known As: Chit Sanghan

Episodes: 10

Duration: 1 hr. 34 min.

Genres: Action, Psychological, Romance, Supernatural

Aired: Jun 14, 2021 - Jul 13, 2021

Aired On: Monday, Tuesday


Download Link
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11(END)

..... Thank For Watching ......

 

Vivo (2021)


အညွန်း....

တေးဂီတကို ချစ်မြတ်နိုးတဲ့ ဗီဗိုလေးဟာ တစ်နေ့တစ်နေ့ သူ့သခင်နဲ့အတူ လမ်းပေါ်မှာဖျော်ဖြေရင်းနဲ့
နေ့စဉ်အချိန်တွေကို ကုန်မှန်းမသိ ကုန်ဆုံးခဲ့ကြတယ်။

ဗီဗိုလေးအတွက်ပျော်ရတယ်ဆိုပေမဲ့ သူ့သခင်မှာတော့ နာကျင်ကြေကွဲစရာအတိတ်လေးရှိခဲ့ရှာတယ်။

သိပ်ချစ်တဲ့ကောင်မလေးတစ်ယောက်ကို အကြောင်းကြောင်းကြောင့် ချစ်ခွင့်မပန်ခဲ့ရလို့ ဝေးကွာနေတာပေါ့...

သခင်ဖြစ်သူမှာ ဒီကောင်မလေးကိုဘယ်လောက်ချစ်ကြောင်းရေးဖွဲ့ထားတဲ့သီချင်းလေးရှိမှန်းလည်းသိရော.....

ဆရာတပည့်(၂)ယောက် မိုင်ယာမီမှာရှိတဲ့ ကောင်မလေးဆီကို သွားဆိုပြဖို့ ခရီးထွက်ဖို့စိုင်းပြင်ကြပါတော့တယ်။

အဲ့ဒီနောက်မှာတော့ မမျှော်လင့်ထားတဲ့ကိစ္စတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။

ဒီAnimation လေးဟာ Sony ကထုတ်လုပ်ထားတာမို့ ရိုက်ချက်တွေ အတော်လေးလှပါတယ်။

ပြီးတော့ သာယာဖွယ် သီချင်းလေးတွေ တစ်ဝကြီးနားထောင်ရမှာဖြစ်သလို ဇာတ်လမ်းလေးကလည်းကောင်းလှပါတယ်။

ဒီကာလကြီးမှာ စိတ်အပန်းပြေဖို့ အသင့်တော်ဆုံးဇာတ်ကားလေးဆိုရင်တော့ လွန်မယ်မထင်ပါဘူး။

File Size :(1.9GB)(900 MB) and (380 MB)

Quality :WEB-DL1080P5.1CH, 720p,480P

Duration…01:35:00

Genre : Animation , Adventure , Comedy


Download Link


STREAM VIDEO

 ..... Thank For Watching ......

 

Superman And Lois (2021)

ဒီတစ်ခါမှာတော့ ကလေးရောလူကြီးပါမကျန် နှစ်သက်သဘောကျကြတဲ့ Superman Series ထဲကမှ Feb 23/2021 ကထွက်ရှိထားတဲ့ Superman And Lois နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 

Superman ဇာတ်ကားတွေကို လူတိုင်းနီးပါးနှစ်သက်သဘောကျကြတဲ့အတွက် အထူးညွှန်းစရာမလိုလောက်ဘူးထင်ပါတယ်။

Superman And Lois ဟာဆိုရင် ထွက်ရှိထားတာရက်ပိုင်းဘဲရှိပါသေးတယ်။

Superman ဇာတ်ကားတိုင်းက စွန့်စားမှုတွေနဲ့ပြည့်နေတဲ့အတွက် ဒီအပိုင်းမှာလည်း မတူကွဲပြားတဲ့ စွန့်စားမှုတွေ ကယ်တင်မှုတွေကိုမြင်တွေ့ရမှာဘဲဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း တစ်နေ့တာပင်ပန်းထားသမျှကို Superman Series လေးကြည့်ပြီး အားသစ်အင်သစ်တွေမွေးလိုက်ကြရအောင်။

ဇာတ်လမ်းအကျဉ်းလေးကတော့ 

အဓိကဇာတ်ဆောင် Superman ဖြစ်တဲ့ ကလပ်ခ်ကန့်ဟာ ခရစ်ပတွန်ဂြိုဟ်ကနေ ကမ္ဘာမြေပေါ်ကို နို့စို့အရွယ်မှာဘဲရောက်ရှိလာခဲ့ပါတယ်။ စမောဘယ်လ်မှာနေတဲ့ လယ်သမားလင်မယားနှစ်ယောက်က သူ့ကိုမွေးစားခဲ့ကြပါတယ်။ 

ခြောက်နှစ်သားအရွယ်ရောက်တော့ သူ့မှာ ထူးဆန်းတဲ့စွမ်းအားတွေရှိနေတာကို သိလိုက်ရပါတယ်။ ဒီစွမ်းအားတွေကို ထိန်းချုပ်နိုင်ဖို့ လူသားတွေနဲ့ရောရောနှောနှောနေထိုင်နိုင်ဖို့အတွက် သူ့မွေးစားအဖေနဲ့အမေက သေချာသွန်သင်ဆုံးမပေးခဲ့ပါတယ်။ 

ကျောင်းပြီးလို့ အလုပ်စဝင်တဲ့အချိန်မှာ လူးဝစ်နဲ့တွေ့ပြီး လက်ထပ်ခဲ့ကြပါတယ်။ အမွှာသားယောက်ျားလေးနှစ်ယောက်မွေးဖွားခဲ့ပေမယ့် အရွယ်ရောက်လာတဲ့အထိ သူက Superman ဆိုတာကို သားတွေသိအောင်မပြောပြခဲ့ပါဘူး။

ဒုက္ခရောက်နေတဲ့လူတွေကိုကယ်တင်နေရတဲ့အတွက် သူ့သားတွေကိုအချိန်သိပ်မပေးနိုင်တဲ့အခါမှာတော့ သားတွေနဲ့အဆင်မပြေဖြစ်ပါတော့တယ်။ 

ကလပ်ခ်ရဲ့မွေးစားအမေသေဆုံးသွားလို့ စမောဘယ်ဘ်ကိုသူတို့မိသားစုသွားတဲ့အချိန်မှာ သူတို့မိသားစုဘာတွေဆက်ဖြစ်ကြမလဲ။ 

ကလပ်ခ်ဟာ Supermanဆိုတာကို သူ့သားတွေဘယ်လိုသိရှိသွားမလဲ။ သားနှစ်ယောက်ထဲက ဘယ်သူ့မှာသူ့လိုစွမ်းအားတွေရှိနေမလဲ။ 

နောက်ထပ် Episodes တွေလည်း ဆက်လက်တင်ပြပေးမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးပါဦး။

Download Link

SEASON 1

Ep 1
Ep 2
Ep 3
Ep 4
Ep 5
EP 6
EP 7
EP 8
EP 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15 (END)


..... Thank For Watching ......
 

ဝေါ်အိုက်နီ ကိုယ့်အချစ်လေး (2021)

ဒီတစ်ခါတော့ Wo Ai Ni Tur Tee Ruk (Wo Ai Ni you darling) ဆိုတဲ့ ထိုင်းကားလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။

Yang Miတစ်ယောက်Dan taiနဲ့ မထင်မှတ်ဘဲ 
အခန်းဖော်ဖြစ်ရာက တိုက်ဆိုင်စွာနဲ့ အလုပ်လည်း တူတူလုပ်ဖြစ်သွားပြီး ရင်းနှီးလာခဲ့ပါတယ် ။

ရုတ်တရက် Yang Miတစ်ယောက် Dan taiရဲ့လျှို့ဝှက်ချက်ကို သိသွားပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ခံစားချက်နှစ်ခုကြား ဒွိဟဖြစ်နေတဲ့ Yang Miကိုကြည့်ရှုရမှာပါ။

Yang Miအဖြစ် မင်းသမီး 
(Peak Pattarasaya Kreursuwansiri) ကပါဝင်ထားပြီး Dan Taiအဖြစ် မင်းသား (Sean Jindachot )က 
ပါဝင်ထားတာမို့ စောင့်မျှော်ပေးကြပါဦးနော်

Native Title: หว่ออ้ายหนี่เธอที่รัก

Episodes: 10

Aired: Aug 9, 2021 - ?

Aired On: Monday, Tuesday


Download Link


Ep 1
Ep 2
Ep 3
Ep 4
Ep 5
GDRIVE (Ads Link)
Ep 6
GDRIVE (Ads Link)
Ep 7
Ep 8
Ep 9
Ep 10

..... Thank For Watching ......


 

The Flash Season 8 (2014-2021)

အညွှန်း 

Season 7 ပီးဆုံးတဲ့အနောက် အဆက်ဖြစ်တဲ့ Flash Season 8 လာပါပြီ။

Season 7 နောက်ဆုံးမှ Flash ဟာ God Speed ကို Reverse-Flash နဲ့အတူပူးပေါင်းပြီးအနိုင်ယူခဲ့ပါတယ်။

ပြီးတော့ Reverse-Flash ထက်လည်းပိုပြီး OverPower ဖြစ်သွားတဲ့ Flash ကို မြင်ရမှာပါ။

ဒီ Season ၈ အစပိုင်းမှာလည်း Flash ရဲ့ အမြန်နှုန်းဟာ အတော်ကြီးကိုတိုးတက်လာပြီး ဗီလိန်တွေကို အလွယ်တကူ နဲ့ OverPower လုပ်နိုင်တာကို တွေ့ရပါလိမ့်မယ်။

ဒါဟာ ကျွန်တော်တို့ အမြဲ မြင်ချင်နေတဲ့ Flash ပါပဲ
ဒါပေမယ့် Flash တစ်ယောက် Level Up သွားတဲ့နောက်ပိုင်း ဘာတွေကြုံရမလဲ?

ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ Season 8 မှာ ဆက်လက်စောင့်ကြည့်ခံစားရမှာပဲဖြစ်ပါတယ်။


SEASON 1 TO 7

SEASON 8

EP 1
EP 2
EP 3
EP 4
EP 5


..... Thank For Watching ......






 

Followers

Slider

5/Teste Menu 7/slider
MM Official