Hot Shot Part 1 ရဲ့အဆက်လာပါပြီ။ ဒီကားကတော့ ရုပ်ရှင်ပရိသတ်တွေရဲ့အချစ်တော် စတားလုံးရဲ့ Rambo ဇာတ်ကားကို သရော်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆာဒမ်ဟူစိန်ကိုလဲသရော်ထားပြီး Basic Instinct ကိုပါ ဟာသအဖြစ်ထည့်ထားပါသေးတယ်။
ဒီ Part 2 မှာတော့ သူရဲကောင်းကြီး တော်ပါဟာလေဟာ ချစ်သူ ရမန်ဒါနဲ့ကွဲကွာသွားပြီး အာရှမှာ ဇာတ်မြုပ်နေခဲ့ပါတယ်။ တစ်ဖက်မှာလဲ
အမေရိကန်အစိုးရက အရှေ့အလယ်ပိုင်းဒေသမှာ ဖမ်းခံထားရတဲ့ အမေရိကန်ဓားစာခံတွေကို ကယ်ထုတ်တာ လုံးဝမအောင်မြင်ဘူးဖြစ်နေခဲ့ပါတယ်။
အဲ့ဒါကြောင့် ထုံးစံအတိုင်း တော်ပါဟာလေကို ပြန်ခေါ်ဖို့ကြိုးစားခဲ့ရပြီး ဓားစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲ၊ တော်ပါဟာလေနဲ့ ရမန်ဒါတို့ကရော
ဘာကြောင့်ကွဲကွာသွားရတာလဲ၊ ဆာဒမ်ဟူစိန်ကိုရော ဘယ်လိုရှင်းကြမလဲဆိုတာတော့ ဆက်လက်ခံစားကြည့်ရှုကြပါ။
ဒီကားမှာ နာမည်အကြီးဆုံးကတော့ ကြက်နဲ့မြားပစ်တဲ့အခန်းပါ။ ဒါ့အပြင် နာမည်ကြီးရုပ်ရှင်တွေထဲက ဇာတ်ဝင်ခန်းတွေကိုပါ သရော်ထားပြီး
Part 1 တုန်းကထက်တောင် ပိုပြီးရယ်ရပါသေးတယ်။ Part 1 ကြည့်ပြီးတဲ့သူတွေအတွက်တော့ Part 2 နဲ့ဆို အချိတ်အဆက်ပိုမိသွားပြီး
ပိုရယ်နေရမှာပါ။ အခု Part 2 မှာ ရုပ်ရှင်ပရိသတ်တွေရဲ့ အချစ်တော် နာမည်ကြီးဟာသသရုပ်ဆောင် နောက်တစ်ယောက်လဲ ပါပါသေးတယ်။
ဘယ်သူလဲဆိုတာတော့ မပြောပြတော့ပါဘူး။
တစ်ခုအသိပေးချင်တာကတော့ Hot Shots နှစ်ကားလုံးမှာ အသုံးပြုသွားတဲ့ဟာသပြက်လုံး၊ ထေ့လုံးတွေဟာ မြန်မာပရိသတ်တွေအတွက်
အလှမ်းဝေးနေပြီး မူရင်းစာသားအတိုင်းပြန်ကြည့်တဲ့အခါ ဟာသအရသာပျောက်သွားပြီး မရယ်ရတော့ပါဘူး။ မင်းသား၊မင်းသမီးနာမည်
အသုံးအနှုန်းကအစ ၁၉၉၀ ဝန်းကျင်က မင်းသားမင်းသမီးဟောင်းကြီးတွေရဲ့ နာမည်ကိုယူပြီး ပြက်လုံးထုတ်ထားတာဖြစ်တဲ့အတွက် မြန်မာပရိသတ်နားလည်လွယ်အောင်၊ ဟာသကိုသဘောပေါက်လွယ်အောင်လို့ ပြက်လုံးအတော်များများကို မြန်မာမှုအနည်းငယ်
ပြုထားပါတယ်။ ဒါဟာ ပျော်စေ၊ ပျက်စေသဘောနဲ့လုပ်တာမဟုတ်ပဲ ဟာသတစ်ခုကို အဓိပ္ပါယ်နားလည်လွယ်အောင်လို့ Contextualize လုပ်တယ်လို့ နားလည်ပေးစေချင်ပါတယ်။
Download link
0 Comments: