Little Buddha (1993)

ဒီဇာတ်ကားလေးကအနောက်နိုင်ငံ
(အမေရိကန်နိုင်ငံ)သားတွေမှကျွန်တော်တို့”ဗုဒ္ဓမြတ်စွာ”ရဲ့ “ဗုဒ္ဓဝင်”ကိုစနစ်တကျလေ့လာပြီး ရိုက်ကူး ပုံဖော်ထားတဲ့ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကို ပြောပြရရင်တော့ဒီဇာတ်လမ်းမှာ အခန်းကဏ္ဍ၂ခုပါဝင်နေပါတယ်တခုကတော့ “ဗုဒ္ဓမြတ်စွာ”ရဲ့သိဒ္ဓတ္ထမင်းသားဘဝကနေသစ္စာလေးပါးသိမြင်ပြီး ဗုဒ္ဓဖြစ်တဲ့အချိန်အထိ ဗုဒ္ဓဝင်ကိုလေးစားအတုယူဖွယ် ရိုက်ပြထားပြီးသိဒ္ဓတ္ထမင်းသားအဖြစ် Keanu Reeve ကီနူးရိဗ်က သရုပ်ဆောင်ထားပါတယ်…နောက်တခုကတော့ တိဗက်လူမျိုးတို့ရဲ့“လူပြန်ဝင်စားခြင်း” သက်ဝင်ယုံကြည်မှုအရဆရာဖြစ်သူ“ဆရာတော်လာမာဒေါ်ဂျီ”ပြန်ဝင်စားသည်ဟု ယုံကြည်ဖွယ်ရှိသည့်အမေရိကန်လူမျိုးကလေးငယ်“ဂျက်ဆီ” ထံသို့ တိဗက်ဗုဒ္ဓဘာသာဘုန်းကြီးများမှလာရောက်တွေ့ဆုံပြီး ဘူတန်နိုင်ငံသို့လိုက်ခဲ့ရန်မိဘများထံ ခွင့်ပန်တဲ့ဇာတ်လမ်းကို ရိုက်ပြထားပါတယ်။တိဗက်ဆရာတော်များရဲ့ နောက်ဘဝရှိသည် ဆိုတာကိုအယုံအကြည်မရှိသူ ဂျက်ဆီရဲ့ဖခင်က အထင်အမြင်လွဲမှုတွေရှိနေပေမယ့် သူရဲ့လုပ်ဖော်ကိုင်ဖက်သူငယ်ချင်း အက်စီးဒင့်ဖြင့် သေဆုံးသွားတဲ့အခါစိတ်ပြေလက်ပျောက်သဘောဖြင့်သားဖြစ်သူနှင့် ဘူတန်နိုင်ငံသို့ လိုက်သွားခဲ့ရာမှ…ဘူတန်နိုင်ငံရှိ စေတီအကြောင်းတွေဘာသာရေးအယူအဆများအကြောင်းတွေကိုတိဗက်ဘုန်းတော်ကြီးများရဲ့ ဗဟုသုတရဖွယ် ရိုက်ပြထားပါတယ်။ဒီဇာတ်ကားမှာ ကျွန်တော်တို့နိုင်ငံရဲ့ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာများနဲ့တိဗက်ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတို့၏အနည်းငယ်ကွဲပြားမှုများကိုလည်းဗဟုသုတဖြစ်ဖွယ် လေ့လာခွင့်ရမှာ ဖြစ်ပါတယ်..ဒါ့အပြင် ဗုဒ္ဓဘာသာ တိဗက်ဘုန်းကြီးများရဲ့“မမြဲခြင်းသဘော”ကို နက်ရှိုင်းစွာ နှလုံးသွင်းတတ်ပုံနဲ့
ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းစွာ “သေခြင်းတရား”ကို ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ကိုလဲ ချီးကျူးဂုဏ်ယူ တွေ့မြင်ရမှာပါ…ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့သေခြင်းတရားကို မကြောက်လန့်ဘဲရင်ဆိုင်နိုင်တဲ့ နှလုံးသွင်းမှန်မှုသဘောကိုအနောက်နိုင်ငံသားများကပါ လေးစားချီးကျုးရတာ အမှန်ပါပဲ….ဒီဇာတ်ကားရဲ့ အကောင်းဆုံးအပိုင်းကတော့ဒိုင်ယာလော့ခ်တွေပါ …ဗုဒ္ဓရဲ့ လေးနက်ပြီးအနှစ်သာရပြည့်ဝတဲ့ဒဿနတွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် …။ဒီဇာတ်ကားဟာ ဗုဒ္ဓဘာသာအကြောင်းကိုလေ့လာလိုသူတွေ ကြည့်ရှုသင့်တဲ့ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။
Download link

 

Categories:
Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official