Jurassic World: Camp Cretaceous (2020)

Jurassic World:Camp Cretaceous (2020)

စစထွက်ထွက်ချင်းမှာပဲ တစ်ဟုန်တိုးနာမည်ကြီးနေတဲ့ Jurassic World Camp Cretaceous လေးကို တင်ဆက်ပေးပါရစေ။ 

ဒီ Tv Show လေးကတော့ Animated Science Fiction အမျိုးအစားပဲဖြစ်ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ Jurassic World ရဲ့ Franchise ဖြစ်တာနဲ့အညီ ထူးထူးခြားခြား Animated လေးဖြစ်နေတော့ တစ်မျိုးဆွဲဆောင်မှုကို ခံစားရပါတယ်။

ဒီ Tv Show လေးဟာဆိုရင် Sept 18 ရက်နေ့ကမှာ Netflix မှာ ထုတ်လွှင့်ခဲ့တာပါ။ Rating အနေနဲ့ဆိုရင်လည်း IMDb မှာ 8 Rotten Tomatoes မှာ 60 % ဆိုတော့ ပေါ့သေးသေးတော့လဲ မဟုတ်ဘူး။ 

လက်ရှိမှာတော့ Season 2 ထိ ထွက်ရှိထားပြီး အပိုင်းအနေနဲ့ကတော့ ၈ ပိုင်းပါ။ တစ်ပိုင်းကိုမှ ၂၅ မိနစ်ဝန်းကျင်ဆိုတော့ ပေါ့ပေါ့ပါးပါးလေးပါပဲ။

ဇာတ်လမ်းလေးကတော့ Camp Cretaceous ဆိုတဲ့ စခန်းလေးတစ်ခုရှိတယ်။ တခြားတော့မဟုတ်ပါဘူး Jurassic World လေးတစ်ခုပါ။ Camp Cretaceous ကိုတော့ ဖွင့်လှစ်ထားခြင်းမရှိသေးတဲ့အချိန်ပေါ့။ 

အဲ့ဒီအချိန်မှာ Jurassic World ဂိမ်းကိုနိုင်တယ် ဒီကိုသွားရမယ်ပေါ့။ မဖွင့်ခင်အချိန်မှာ ပထမဆုံးလည်ပတ်ခွင့်ကို ရမဲ့ဆုတစ်ခုရှိပါတယ်။ အဲ့ဒီဆုကို လိုချင်နေတဲ့ကောင်လေးကတော့ ဒိုင်နိုဆောတွေနဲ့ ပတ်သက်ရင် ကကြီးကနေ အအထိ ခရေစေ့တွင်းကျသိတဲ့ ဒိုင်နိုဆောဆရာကြီး ဒါရီးယက်စ်ပါ။ 

ဒီလိုသွားဖို့အတွက်ကလဲ သာမာန်ကျောင်းသားတစ်ယောက်ဖြစ်နေတဲ့အတွက် ဒီဂိမ်းကိုနိုင်မှသာ သွားရောက်
ခွင့်ရမှာဖြစ်လို့ နေ့မအိပ်ညမအိပ်နဲ့ ကြိုးစားပြီးဆော့ပါတယ်။

ဂိမ်းဂျိုးတွေကတော့ ဒါကြီးက အာပလာပါကွာ ဘယ်တော့မှနိုင်မှာမဟုတ်ဘူး တမင်ရှုံးအောင်လုပ်ထားတာဆိုပြီး သတ်မှတ်ထားတဲ့အချိန်မှာ ဒါရီးယက်စ်တစ်ယောက်ကတော့ အဖြေကို ရအောင်ရှာပြီး ထိုက်ထိုက်တန်တန် သွားခွင့်ရခဲ့ပါတယ်။ ဒါရီးယက်စ်နဲ့အတူ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေလဲရှိပါသေးတယ်။ 

ဒါရီးယက်စ်အပါအဝင် ဒီကလေး ၆ယောက်က Camp Cretaceous ကို ပထမဆုံး လည်ပတ်ခွင့်ရတဲ့ ကလေး ၆ယောက်ပေါ့။

Animation အပိုင်းကတော့ ကျွန်တော့်အမြင်အရဆိုရင် သိပ်ပြီးသဘောမတွေ့လှဘူး။ ဒိုင်နိုဆောတွေကို အသားပေးတာများသွားလို့လားတော့မသိ လူတွေက DreamWorks ရဲ့ အရင်လက်ရာတွေကို မမှီဖူးလို့ ခံစားရတယ်။ 

ထားပါလေ ဒါကတော့ ကိုယ်ပိုင်အမြင်တစ်ခုကို ပြောပြတာပါ။ ဒိုင်နိုဆောတွေနဲ့ ပတ်သက်ရင် အရူးအမူးဖြစ်တဲ့ ဒါရီးယက်စ်တစ်ယောက် Camp Cretaceous ကို သွားခွင့်ရတဲ့ ဒီအချိန် ၂ပတ်အတွင်းမှာ ဘာတွေဆက်ဖြစ်မယ်ဆိုတာကတော့ ကျွန်တော်နဲ့အတူတူ လိုက်ပြီးတော့ ကြည့်ရှုပေ
ကြပါဦး။
Download Link

Season 1
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8 (END)

Season 2
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8 (END)

...... Thank For Watching...... 

 

Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official