Nostalgia (1983)

Nostalgia (1983)

၁ + ၁ = ၁

ဘယ်လောက်အထိဝေးလာခဲ့လဲ ငါမသိဘူး ပြန်မရောက်တော့တဲ့နေရာတစ်ခုရဲ့နှိက်စက်သမှုကို အလူးအလဲခံနေရတဲ့ ငါတို့အမှားတွေကို ငါတို့အမှား
ဟုတ်ဟုတ်မဟုတ် ရထားပေါ်တင်ဘုဇပတ်ပင်တွေရှိတဲ့မြို့ဆီ ချစ်ခြင်းနဲ့တွဲတဲ့နောင်တဆိုတဲ့အကြီးဆုံးဝေဒနာကို ပြန်ပို့လိုက်ကြတယ်။

ရေတစ်စက်နဲ့ ရေတစ်စက်ပေါင်းတော့လည်း
ရေတစ်စက်ပဲ ပြန်ရတာပါပဲ။ဖွင့်ပြောမထားတဲ့ ခံစားချက်တွေဟာမမေ့ရက်နိုင်စရာကောင်းလွန်းတယ်။

ရုပ်ရှင်သမိုင်းတစ်လျှောက်က အကြီးကျယ်ဆုံး
လူတွေကို ရွတ်ပြရရင် တာကော့စကီးဟာ
ထိပ်ဆုံးကပါနေရမယ့် နာမည်မျိုးပဲ။

ရုပ်ရှင်သမိုင်းရဲ့ အကျော်ဇေယျတွေထဲက
တစ်ယောက်ဖြစ်တဲ့ Ingmar Bergman
ကိုယ်တိုင်ကိုက တာကော့စကီးကို
“Greatest of us all”လို့ထောပနာပြုထားခဲ့ဖူးတယ်။

Poetic Cinemaဆိုတဲ့စကားလုံးကိုပြောလိုက်ရင် တာကော့စကီးဆိုတာ အဲ့ဒီစကားလုံးနဲ့ တစ်သားတည်းရပ်တည်နေမယ့် သူ။ 

တာကော့စကီးဟာဝေဝါးသိပ်သည်းတဲ့ ခံစားမှုအစိုင်အခဲ တစ်ခုကို ခင်ဗျားရင်ထဲထည့်ပေးရုံကလွဲ
ဘာမှပေးစွမ်းမှာမဟုတ်ဘူး။

ဒါကြောင့်လည်း တာကော့စကီးရုပ်ရှင်တွေဟာ
ကြည့်ရှုဖို့ မဟုတ်တဲ့ ခံစားဖို့သက်သက်
ရုပ်ရှင်တွေလို့ တစ်ချို့ကပြောကြတယ်။

သူ့ရုပ်ရှင်တွေကို ဘယ်လိုရုပ်ရှင်မျိုးတွေ ပါလို့တော့ ဓာတ်ခွဲမပြတတ်ဘူး။သေချာတာတော့ သူ့ရုပ်ရှင်ဟာ ဒီနေ့ခေတ်ရုပ်ရှင်တွေထက်တောင် ပိုသစ်လွင်နေတယ်။ 

တာကော့စကီးရဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်မဟုတ်ဘူး မှော်ပညာပါပဲ။ အချိန်အတော်ကြာပြီးတဲ့အခါမှာ
ခင်ဗျား ဒီရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ
ပုံရိပ်တွေ စကားလုံးတွေကို ဘာတစ်ခုမှ
ရေရေရာရာ မမှတ်မိတော့တဲ့ အခြေအနေတစ်ခု ဖြစ်ကောင်းဖြစ်လာလိမ့်မယ်။

မတော်လို့ဒီရုပ်ရှင်ကို သတိရမိရင်တော့
ဘာမှတစ်ခုမှရေရေရာရာ မမှတ်မိတော့တဲ့
ခင်ဗျားဆီကို သေချာတဲ့ ခံစားမှုတစ်ခုက
ပြန်ရောက်လာပါလိမ့်မယ်။ 

ဒါဟာ ဒီရုပ်ရှင်က ခင်ဗျားကို ပေးစွမ်းမယ့်
အရာပါပါပဲ။ထပ်ပြောရရင် ဒီရုပ်ရှင်ဟာ 
ရုပ်ရှင်မဟုတ်ပါဘူး။မှော်ပညာပါပဲ။

File Size__ 2.4 GB and 1.4 Gb

Quality__1080p , 720p

Duration__02:05:00
Download Link



..... Thank For Watching ......




 

Categories:
Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official