Us Again (2021)

Us Again (2021)

ဒီတစ်ခါပရိတ်သတ်ကြီးကို Short Animation လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ 

ဒီ Short Animation လေးမှာမြင်တွေ့ရမှာကတော့ . . .လန်းဆန်းမှု …..တက်ကြွမှု …..ရွှင်လန်းမှု …..

ဒါတွေ အကုန်လုံးက ငယ်ရွယ်မှုနဲ့ အတူ ရှင်သန်နေတာမျိုး မဟုတ်ပါဘူး။အသက်အရွယ်တွေ ရလာတာနဲ့အမျှ ဒါတွေကို အဆုံးရှုံးခံဖို့ မလိုပါဘူး။

ကိုယ် တတ်နိုင်သလောက် ဘဝမှာ ပျော်ပျော်ကြီးနေမယ်။လွတ်လွတ်လပ်လပ် ရှင်သန်မယ်ဆိုရင် ဘဝက လှနေဦးမှာပါပဲ။

ဒီလို တက်ကြွမှုမှာ အချစ်လည်း မပါမဖြစ်ပါပဲ။
အသက်ကြီးပေမယ့် အရွယ်ရင့်မလာခဲ့တာ အချစ်ပါပဲ။

အချစ်ကြောင့် အရာရာဟာ လတ်ဆတ်နေခဲ့ပါတယ်။အချစ်ကြောင့် အရာရာဟာ လန်းဆန်းနေခဲ့ပါတယ်။

အချစ်ကြောင့် အရာရာ တစ်ဖန်ပြန်လည်ပြီး ရှင်သန်ခွင့်ရမယ်ဆိုရင် …..

အဲဒီ အခါတစ်ဖန်ကို တန်ဖိုးအကြီးကြီး ထားသင့်ပါတယ်ဆိုတာကို ၇ မိနစ်လောက်လေးနဲ့ ဖော်ကျူးတင်ဆက်သွားတာဟာအတော်လေးကို ချစ်စရာကောင်းပြီး . . . 

Romance ဆန်နေတာလေးဟာ ဒီ short animation လေးကို ထပ်ခါထပါခါ ပြန်ကြည့်စေချင်လောက်အောင်ဖြစ်စေပါလိမ့်မယ်။

Quality – 1080p WebRip

Duration – 7min

Genre : Animation, Short, Family

Download Link


..... Thank For Watching ......

 

Categories:
Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official