Peter Rabbit 2: The Runaway (2021)

Peter Rabbit 2: The Runaway (2021)

ဒရမ်သမားလေး ယုန်ပီတာကို မှတ်မိကြသေးလား???

ဒါကတော့ ဒုတိယမြောက်ကားလေးပါ......


အိမ်ပြေးပီတာ.. ပီတာအိမ်ပြေးတစ်ယောက် ဒီဇာတ်လမ်းမှာလည်း ပြေးရပြန်ပါပြီ။ 

ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ပီတာလေးက အရာရာကိုပေါ့ပေါ့လေးပဲပြောပေမယ့် ပေါ့ပေါ့လေးတော့ မခံစားတတ်ပါဘူး။

အဓိကကတော့ ပီတာရဲ့ မတည့်အတူနေ မစ္စတာမဂ်ဂရက်ဂေါ ကြီးက အခုထိ ပီတာ့အပေါ် အမြင်စောင်းနေတုန်းပါပဲ ။ 

စောင်းဆို ပီတာကလည်း ဘယ်တော့မှအတည့်မနေဘူး.. လုပ်လိုက်ရင် တလွဲကြီးပဲ🤣

ပထမကားမှာ အီစီကလီဖြစ်ခဲ့တဲ့ ဘီ နဲ့ မဂ်ဂရက်ဂေါက အခုတော့လက်ထပ်ပြီး ယုန်လေးပီတာအကြောင်းကို စာအုပ်ထုတ်ဝေခဲ့ပါတယ်။

စာအုပ်ရဲ့ အောင်မြင်ချက်ကတော့ ဘီ ကို ဒုတိယအုပ်ရေးဖို့ ကမ်းလှမ်းခံရပြီး ယုန်လေးပီတာကို ဗီလိန် အဖြစ်ရေးဖို့ အကြံပြုပါတော့တယ်။

ဒါကို ဘယ်သူမှမကန့်ကွက်တဲ့အပြင် ပီတာက ဗီလိန်နဲ့ပိုတူတယ်လို့တောင် ဝိုင်းပြီးပြောကြဆိုကြနဲ့ယုန်ဖြူစင်တာ ယုန်ပဲသိတယ်လေ😥

ဝေဖန်ဒဏ်တွေ စွပ်စွဲချက်တွေကို မခံစားနိုင်တော့တဲ့ ပီတာလေး စိတ်ပေါက်ပေါက်နဲ့ လျှောက်သွားရင်း မရင်းနှီးတဲ့မြို့ကြီးမှာဘယ်လိုမျိုးအလွဲတွေနဲ့ကြုံရပြီး...

တကယ့်ဗီလိန်အစစ်ကရော ဘယ်သူလဲဆိုတာကိုတော့ ရုပ်ရှင်ထဲကသီချင်းလေးတွေနဲ့အတူစီးမြောရင်း အဖြေရှာလိုက်ရအောင်နော် . . .


Quality – 1080p, 720p WebRip

File Size : 1.6 Gb and 806 MB

Duration – 1h 33min

Genre : Animation, Adventure, Comedy

Download Link



..... Thank For Watching ......


 

Similar Movies

0 Comments:

Followers

Slider

5/Teste Menu 7/slider
MM Official