Free Guy (2021)



ကဲ …… ရေးနိုး ကြီး တစ်ရေးနိုးပါပြီနော့။
မျှော်နေတဲ့လူတွေ အားရကျေနပ်စေဦးမှာပါ။

ခေတ်နဲ့ စနစ်နဲ့ အညီ ဖန်တီးပြုလုပ်ထားတဲ့ ရုပ်ရှင်တစ်ကားဆိုလည်း မမှားပါဘူး။

မြန်မာနိုင်ငံက ဂိမ်မာတွေအတွက်ဆိုရင်တော့
ရုပ်ရှင်ထက်ပိုတဲ့ ခံစားမှုကို ရနိုင်ပါသေးတယ်။

ဇာတ်လမ်းအကျဉ်းကတော့ …..

ဂိုင်း က လူတွေဖန်တီးထားတဲ့ အွန်လိုင်း ဗီဒီယိုဂိမ်းတစ်ခုရဲ့ ကမ္ဘာထဲမှာ နေထိုင်တဲ့ ကွန်ပြူတာဇာတ်ကောင်တစ်ကောင်ပါ။

သူ့ရဲ့ တစ်နေ့တာဟာ ဖန်တီးသူတွေ သတ်မှတ်ထားတဲ့အတိုင်း တစ်သွေမတိမ်းဘဲ နေ့စဥ် ဖြစ်နေပါတယ်။

ဒါပေမယ့် တစ်နေ့မှာ မီလီဆိုတဲ့ မိန်းကလေးနဲ့ ဆုံပြီးနောက် သူ့ရဲ့နေ့စဥ်ဘဝကနေ သွေဖယ်ချင်စိတ်တွေ ဖြစ်လာပါတယ်။

သူ့ရဲ့ ဖြစ်တည်မှုကို မေးခွန်းတွေ ထုတ်လာခဲ့တယ်။

အဲလိုနဲ့ ဂိုင်းဟာ နေ့စဥ်လုပ်နေကျ လုပ်ငန်းစဥ်တွေကနေ သွေဖယ်ပြီးလုပ်ဖို့ ကြိုးစားကြည့်တဲ့အခါမှာတော့…

ဒီကားဟာ GTA Online ကို ရုပ်ရှင်ပြန်ရိုက်ထားတာနဲ့တောင်တူနေလို့ GTA ပရိတ်သတ်တွေဆိုရင် ပိုပြီးသဘောကျကြမှာပါ။

ဒီကားဟာ ဂိမ်မာတွေ သဘောကျပြီး စိတ်ဝင်စားမယ့် ကားတစ်ကားပဲဖြစ်ပါတယ်။

Quality….WEB-DL 1080p and 720p

File size…2.5GB and 1.3 GB

Format…mp4

Duration….1h 55min

Download Link


STREAM VIDEO


..... Thank For Watching ......
Snake Eyes: G.I. Joe Origins (2021)


အညွှန်း


G.I.Joeထဲက နင်ဂျာအမဲ​ရောင် စကား​ပြောတဲ့ရုပ်ရှင်ထွက်လာပါပြီ။

ဒီရုပ်ရှင်က Snake Eyesနဲ့ သူရဲ့​သွေး​သောက်ညီအစ်ကို၊ ပြိုင်ဘက် Storm Shadow တို့ရဲ့ မူလအစကို တင်ဆက်ထားတာပဲဖြစ်ပါတယ်။

ခေါင်း​​​ဆောင်မင်းသားနှစ်​​ယောက်က Crazy Rich Asians ထဲက Henry Golding နဲ့ ကြမ်း​ပေ့ရမ်း​ပေ့ဆိုတဲ့ "Warriors" စီးရီးထဲက မင်းသား Andrew Koji ပါ။

ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကို အမည်မသိလူတစ်စု သတ်ဖြတ်သွားတာ​ကြောင့် ကလဲ့စား​ချေလိုစိတ်နဲ့ကြီးပြင်းလာ ခဲ့တဲ့ Snake Eyesတစ်​​ယောက်..

Arashik​age မျိုးနွယ်စုရဲ့ ဆက်ခံသူဖြစ်လာမယ့် ​"တော်မီ"ကို မျိုးနွယ်စုသစ္စာ​ဖောက် "ကန်တာ"နဲ့ လူမိုက်တစ်သိုက်လက်ထဲက ကယ်တင်ဖို့အ​ရေးနဲ့ ကြုံလာရပါတယ်။

သူကယ်တင်​ပေးခဲ့တဲ့"တော်မီ"က​နေတဆင့် Arashikage မျိုးနွယ်ရဲ့ သိုင်းပညာကျင့်စဉ်တွေကို လက်ဆင့်ကမ်းသင်ကြားရင်း အ​ဖေကိုသတ်သွားတဲ့တရားခံကိုလက်စားပြန်​ချေနိုင်မလား။

Snake Eyesဆိုတဲ့နာမည်ကိုဘယ်လိုရလာမှာလဲ...
သစ္စာ​ဖောက် "ကန်တာ"ရဲ့အကြံအစည်က​ရော ဘာဖြစ်မလဲ...

JOEအဖွဲ့နဲ့ Cobraက​ရော ဒီဇာတ်ကားထဲမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်လာမလဲ ......

စသဖြင့် ​​ရှေ့မှာထွက်ပြီးသား G.I.Joe နှစ်ကားရဲ့ Spin off အဖြစ် ဇာတ်လမ်းဆက်​ပေးသွားမှာဖြစ်ပါတယ်။

File Size : (2.0 GB) , (1.3 GB) and (480 MB)

Quality : AMZN WEB-DL (1080p 5.1,720p,480p)

Running Time : 2hr 01min

Genre : Action,Adventure,Fantasy,Sci-Fi,Thriller

Download Link


STREAM VIDEO


..... Thank For Watching ......

 

The Flash Season 7 (2014-2021)



ပြီးခဲ့တဲ့နှစ်က Covid ကြောင့် စောစောဇာတ်သိမ်းလိုက်ရတဲ့ Flash Season 6 ရဲ့အဆက်...Season 7 တော့ ဒီနှစ်မှာထွက်ရှိလာပါပြီ ....

အားလုံးသိတဲ့အတိုင်း Barry A.K.A Flash ဟာ Crisis မှာလုပ်ခဲ့တဲ့ ရွေးချယ်မှုတခုကြောင့် Speed Force သေဆုံးသွားခဲ့ပြီး.....

သူ့ဆီမှာလက်ရှိပြေးနိုင်ဖို့ Speed force ဟာလည်း အနည်းငယ်သာကျန်ပါတော့တယ်။

သူ့ရဲ့မိန်းမဖြစ်သူ အိုင်းရစ်ဟာလည်း Mirror Universe မှာပိတ်မိနေပါတယ်။Season 6 ရဲ့ Big Bad ဗီလိန်ဟာလည်း မြို့ကိုဒုက္ခပေးနေပါပြီ....

ဒီတော့ ဘယ်ရီဟာ artificial intelligence speed force ကို ထီထွင်ဖို့ကြိုးစားနေရပါတယ်.....

သူ့မှာရှိတဲ့လက်ကျန် speed force နဲ့ မြို့ကိုကယ်တင်နိုင်ပါ့မလား.....

အိုင်းရစ်ရော ပြန်လွှတ်နိုင်မလား Speed Force ကို ပြန်လည်ဖန်တီးနိုင်ပါ့မလား။

ဘယ်လိုစတေးမှုတွေ ကြုံရဦးမလဲဆိုတာကိုတော့ Season 7 မှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်.......

Download Link






Season - 6
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18
Ep 19 (END)


Season - 7 
Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
EP 12
Ep 13
EP 14
Ep 15
EP 16
EP 17
Ep 18 (END)


..... Thank For Watching ......







 

Astro Boy (2009)

 


ဒီနေ့တော့ ပရိတ်သတ်တွေအတွက် Astro Boy လို့ခေါ်တဲ့Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်…ဘယ်လိုသဘောမျိုးနဲ့နေနေကြည့်သင့်တဲ့ Animation ကားကောင်းလေးဖြစ်ကြောင်းတော့အသိပေးပါရစေ

Dr. Tenma ဆိုတာ Toby ကို သိပ်ချစ်တဲ့ ဖခင်ကောင်း တစ်ယောက် ဖြစ်သလို Robot တည်ထွင် ရာမှာလဲ နာမည်ကြီးတဲ့ သိပ္ပံ ပညာ ရှင်တစ်ယောက် ဖြစ်ပါတယ်။

Dr. Tenma ရဲ့ သားပီပီ သိပ္ပံပညာ တွေကို စိတ်ဝင်စားတဲ့ Toby ဟာDr. Tenma ရဲ့ ခွင့်ပြုချက် မပါပဲ နည်းပညာသစ် Red Core နဲ့ Blue Core တို့စမ်းသပ်တဲ့ ပြပွဲကို ခိုးပြီး သွားရောက် ခဲ့ပါတယ်။ 

Red Core ထဲ့သွင်း စမ်းသပ်တဲ့ စက်ရုပ်ဟာထိန်းချုပ်မှု လွတ်ထွက်သွားပြီး ပုံကန်တဲ့ အချိန်မှာ မထင်မှတ်ပဲ Toby တစ်ယောက် ပိတ်မိပြီးRed Core ထဲ့သွင်း ထားတဲ့ စက်ရုပ် ရဲ့ လက်နက် စမ်းကြောင့် သေဆုံးသွား ခဲ့ပါတယ်။

သားကို သိပ်ချစ်တဲ့ အဖေ Dr. Tenma တစ်ယောက် ရူးသွပ် မတတ် ခံစား ရပြီး Toby နဲ့ တူတဲ့ စက်ရုပ် တစ်ရုပ်ကို တည်ဆောက်ပြီး Toby ရဲ့ DNA က တဆင့် မှတ်ဉာဏ်တွေ ထဲ့သွင်း ပေးခဲ့ပါတယ်။

လူသား တစ်ယောက် ကဲ့သို အသိဉာဏ်တွေ ရှိဖိုနဲ့ ပိုမို အစွမ်း ထပ်စေဖို့ကျန်ရှိနေတဲ့ Blue Core ကို Toby နဲ့ တူတဲ့ စက်ရုပ် Astro Boy ထဲမှာ ထည့်သွင်း အသုံးပြု ခဲ့ပါတယ်။

စစချင်းမှာ သားရဲ့ နေရာအကို အစားထိုး နိုင်မယ်လို့မျှော်လင့် ထားပေမယ့် အသိစိတ်က သားအရင်း မဟုတ်ပဲစက်ရုပ် တစ်ရုပ် ဖြစ်တယ်ဆိုတာ အသိပေး နေတော့ သားအရင်း တစ်ယောက်လို ချစ်လို့ မရခဲ့ပါဘူး။

ထို့အတူ Toby ရဲ့ အသိဉာဏ်တွေ ရောက်နေတဲ့ Astro Boy ဟာလဲသူ့ကိုယ့်သူ Toby လို့ပဲ ထင်မှတ်ပြီး ဖခင်ရဲ့ မေတ္တာ ငတ်နေသလို ခံစား ခဲ့ရပါတယ်။

မထင်မှတ်ပဲ Red Core အသုံးပြုခဲ့တဲ့ စက်ရုပ်ကို အသက်သွင်းချင်း ခံရတော့Dr. Tenma တို့ရဲ့ မြို့ဖြစ်တဲ့ Metro City မှာRed Core စက်ရုပ်ရဲ့ ဖြတ်စီးမှုတွေကို တားစီး နိုင်မယ့်လူမရှိခဲ့ပါဘူး။ 

ဒီအချိန်မှာ Blue Core ထည့်သွင်းပြီးတည်ထွင်ထားတဲ့ Astro Boy ဟာ သူ့ကိုယ်သူ စက်ရုပ်လို့ သိသွား ပြီးရန်သူတော် Red Core ကို ဘယ်လို နှိပ်နင်းမလဲ ဆိုတာ…..

ဒါရိုက်တာ David Bowers ရဲ့ 94 မိနစ် ရှည်တဲ့ Animated Comedy ဇာတ်ကား ဖြစ်ပါတယ်။

အသံ သရုပ်ဆောင်တွေ အဖြစ် 
Dr. Tenma (voice of Nicolas Cage),
Toby & Astro Boy (voice of Freddie Highmore) 
တို့က အဓိက ပါဝင် သရုပ်ဆောင် ထားပါတယ်။



Download link

..... Thank For Watching ......



Love (ft. Marriage & Divorce)(2021)


Season 1 ထွက်ပြီးသားပါ...

လောင်မြိုက်ခြင်းတွေနဲ့ ပျော်မွေ့နေတဲ့သူတွေအတွက်လို့ဆိုတာထက် ဒီလောကကြီးမှာ ဒီလိုမျိုးတွေလည်းရှိပါ့လားဆိုတဲ့အသိနဲ့ ထွင်းဖောက်သုံးသပ်တတ်တဲ့သူတွေအတွက် S2 ကိုဆက်လက်တင်ပေးလိုက်ပါတယ်...

အညွှန်းကတော့ S1ကဟာပဲထားလိုက်ပါ့မယ်...

ဒီဇာတ်လမ်းတွဲကတော့ ပုံမှန် ကောင်လေးနဲ့ကောင်မလေးတို့ ချစ်ဖို့အရေးကြိုးစားနေတဲ့ ဇာတ်လမ်းတွဲမျိုးမဟုတ်ပါဘူး....

အဲ့အဆင့်တွေထက်ကျော်လွန်ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်း အိမ်ထောင်သည်တွေ

သမီးရည်းစားဘဝတုန်းကလို ချစ်နိုင်သေးရဲ့လားဆိုပြီး ပုံစံမတူတဲ့ စုံတွဲ(၃)တွဲကို ရိုက်ပြထားတာပါ....

ပျင်းစရာကြီးလို့မထင်လိုက်နဲ့...တကယ့်လက်ရှိမှာ ဒီလိုတွေတကယ်ဖြစ်နေတာ....

တရားသူကြီး Park Sa Hyun ဟာ drum တီးခတ်နေတဲ့ Boo Hye Ryung ကိုမြင်မြင်ချင်းချစ်မိသွားပြီး လက်ထပ်ခဲ့ကြပါတယ် ...

အိမ်ထောင်သက်သုံးနှစ်ရှိပြီး ကလေးမရှိသေးသော ပထမဆုံးစုံတွဲ.....

Shin Yoo Shin ကတော့ဆေးရုံဒါရိုက်တာတစ်ယောက်ဖြစ်ပြီး 

radio show တစ်ခုရဲ့ PD ဖြစ်တဲ့ Sa Pi Young ရဲ့ချစ်လှစွာသောခင်ပွန်းပေါ့

သူမဟာ သူမရဲ့အိမ်ထောင်ရေးအတွက် အမြဲတမ်း အကောင်းဆုံးတွေဖြစ်အောင် ကြိုးစားနေတဲ့သူလေးပါ,......

Lee Si Eun ကတော့ radio show ရဲ့အဓိကစာရေးဆရာမဖြစ်ပြီး ပြဇာတ်နဲ့ရုပ်ရှင်မေဂျာရဲ့ဌာနမှူး

Park Hye Ryoong ရဲ့ဇနီးကောင်းတစ်ယောက်လည်းဖြစ်ပါတယ်....

ဒီလိုစုံတွဲသုံးတွဲရဲ့ မတူညီတဲ့ lifestyle တွေ အိမ်တွင်းရေးပြဿနာတွေကနေ ဘယ်လိုမတူညီတဲ့ ရသတွေကို

ခံစားရမလဲဆိုတာကိုတော့ ဒီကားလေးထဲမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ပါ....

Episodes: 16

Aired: Jun 12, 2021 - Aug 1, 2021

Aired On: Saturday, Sunday


Download Link

Ep 1
EP 2
Ep 3
Ep 4
EP 5
Ep 6
Ep 7
EP 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16 (The END)

..... Thank For Watching ......





 

Nevertheless (2021)



ကဲ အားလုံးပဲ စောင့်မျှော်နေကြတဲ့ အရို စီးရီးလေးလာပါပြီ......

အရိုဆိုတာထပ်ကို နည်းနည်းလား များများလား မသိကို လွန်လွန်ကဲကဲ ပိုပါတယ်....

ဘာလို့ဆို သူရဲ့ rated ကိုက 18+ Restricted (violence & profanity) ဖြစ်နေလို့ပါ။

ဆိုတော့ကား ဇာတ်လမ်းအကြောင်းလေးကို ဆက်ပြောမယ်ပေါ့နော်...

ဘတ်ဂျယ်အွန်းဆိုတဲ့ ကောင်လေးက ရည်းစားထားရတာကို စိတ်ကုန်နေတဲ့သူတစ်ယောက်ပါ။

ဒါပေမယ့်သူက ကောင်မလေးတွေကို စိတ်ကစား ဆွဲဆောင်တဲ့နေရာမှာတော့ ဆရာတစ်ဆူပါပဲ...

ယူနာဘီ ကတော့ အချစ်ကို အယုံအကြည်မဲ့နေတဲ့ ကောင်မလေးပေါ့။ 

သူတို့နှစ်ယောက် တွေ့ရာကနေ ဘယ်လိုတွေ ရိုပြီး ဘယ်လိုတွေစောင်ကိုက် ကြည့်ရမလဲကိုတော့ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှု့ကြရအောင်နော်....

Native Title: 알고있지만,

Episodes: 10

Duration: 1 hr. 10 min

Aired: Jun 19, 2021 - Aug 21, 2021

Aired On: Saturday


Download Link

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10 (END)

..... Thank For Watching ......

 

The Devil Judge (2021)


အညွှန်း 

Kang Yo-Han ဟာ အပြစ်ရှိသူတွေကို မညှာမတာ အပြစ်ပေးတတ်တဲ့တရားသူကြီးတစ်ဦးဖြစ်လို့ သူ့ကိုလူတိုင်းက "Devil Judge" လို့ခေါ်ကြပါတယ်။

သို့ပေမယ့် သူ့ရဲ့ ဒီလို aura ရဲ့နောက်ကွယ်မှာ ဘယ်သူမှမသိတဲ့ လျှို့ဝှက်ချက်လေးတစ်ခုက ကိန်းအောင်းနေပါတယ်။

ပြည်သူလူထုအနေနဲ့ သူဟာ တကယ်ပဲ သူရဲကောင်းအစစ်အမှန်လား ဘယ်လိုလူစားမျိုးစားလဲဆိုတာ ဝေခွဲမရအောင်ဖြစ်နေခဲ့ပါတယ်။

သူနဲ့ပြိုင်ဘက်ကဲ့သို့ ဆန့်ကျင်ဘက်အနေအထားမှာ ရှိနေသူလေးကတော့ ဘာမဆို ရည်မှန်းချက်မြင့်မြင့်ထားတတ်တဲ့ Jung Sun Ah ပဲဖြစ်ပါတယ်။

Sung Ah ဟာဆိုရင် ဆင်းရဲသားလေးအဖြစ်ကနေ
Cooperate social responsibility foundation ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်လာခဲ့ပါတယ်။

ဒီလို ပရမ်းပတာတွေဖြစ်နေတဲ့ တရားရေးရာလောကကြီးကို ငယ်သူငယ်ချင်းနှစ်ယောက်တရားမျှတမှုအတွက် ဝင်ရောက်လာတဲ့အခါမှာတော့.......


အကြံသမား Jung Sun Ah နဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Kang Yo Han တို့နှစ်ယောက် ဘယ်လိုစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရမလဲဆိုတာ ဒီဒရမ်မာလေးပဲ ဆက်လက်စောင့်ကြည့်လိုက်ကြပါဦး။

Quality : HDTV 720p

Native Title: 악마판사

Also Known As: The Demon Judge , Devilish Judge , The Devil Judgement , Agmapansa , Akmapansa

Genres: Mystery, Law, Crime, Drama, Detective

Episodes: 16

Duration: 1 hr. 10 min.

Aired: Jul 3, 2021 - Aug 22, 2021

Aired On: Saturday, Sunday


Download Link

Ep 1
 Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16 (END)

..... Thank For Watching ......


 

D.P. (Deserter Pursuit) (2021)


အညွှန်း
ဒီတစ်ခါ ပရိသတ်ကြီးတို့ကို D.P.(Deserter Pursuit)လို့အဓိပ္ပါယ်ရတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဇာတ်ကားလေးကတော့ ‘D.P Dog day’လို့အမည်ရတဲ့ Webtoonလေးကို ပြန်လည်ရိုက်ကူးထားတာပါ။

စစ်မှုထမ်းဆောင်နေတဲ့ သာမန်တပ်သား JunHoတစ်ယောက် ရုတ်ချည်းဆိုသလို D.P. လို့ အမည်ရတဲ့ ”တပ်ပြေးများကို လိုက်လံရှာဖွေတဲ့အဖွဲ့”ထဲ ထည့်ခံလိုက်ရတဲ့အခါ Jun Hoတစ်ယောက် ထိုအဖွဲ့ထဲမှာဘယ်လိုတွေရုန်းကန်ရမလဲ။ 

ထွက်ပြေးသွားတဲ့တပ်သားတွေကိုလိုက်လံရှာဖွေရင်း ဘယ်လိုအန္တရာယ်တွေကဆီးကြိုနေမှာလဲ။ 

ဘယ်လိုပြဿနာတွေ ကြုံတွေ့မှာလဲ။

တရားဝင်ခွင့်မတောင်းပဲထွက်ပြေးလာတဲ့တပ်သားတွေမှာကော အကြောင်းအရင်းဘာတွေများရှိနေမလဲဆိုတာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပါ။

တော်တော်များများအsweetတစ်လိုင်းလေးပဲရိုက်တတ်ပြီး Something in the rainနဲ့လူသိများခဲ့တဲ့ချစ်တတ်လွန်းတဲ့လူငယ်လေး Jung Hae Inကို ဒီကားထဲမှာ သူမတူတဲ့ကာရိုက်တာမျိုးနဲ့တွေ့ရမှာပါ။

Actionတွေ Military Lifeတွေကို အပြည့်အဝမြင်တွေ့ရမယ့် Dramaကားကောင်းလေးမလို့ ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Snow dropမလာခင်လေး D.P.ကြည့်ရင်း မင်းသားချော Jung Hae Inကိုအလွမ်းပြေ ငမ်းရအောင် တင်ဆက်ပေးလိုက်ပါတယ်။

Native Title: 디피

Also Known As: Deserter Pursuit Dog Day , Day of the Dog , D.P Gaeui Nal , D.P 개의 날

Episodes: 6

Duration: 50 min.

Download Link

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6 (END)


..... Thank For Watching ......

 

Cinderella (2021)


ကျွန်တော်တို့ ငယ်ငယ်က အရမ်းကြိုက်ခဲ့ရတဲ့ စင်ဒရဲလား ဆိုတဲ့ ကောင်မလေးကို မေ့နိုင်ကြသေးမယ် မထင်ပါဘူး။

ကဲ အခု သူပြန်လာပြီဗျ။...

အားလုံးသိပြီးသားဖြစ်တဲ့ ဇာတ်လမ်းလေးကိုမှ တဖန် ဆန်းသစ်တဲ့ musical film အသွင်လေးနဲ့ပေါ့၊

ဆန်းသစ်တဲ့ ဖက်ရှင်တွေ မြိုင်ဆိုင်တဲ့ ဂီတသံစဉ်တွေ ဇာတ်ဆောင်တွေရဲ့ အလှအပတွေကို တ၀ကြီး ခံစားနိုင်မှာပါ။

ဒီကားလေးထဲမှာ Havana oh na na နဲ့ တစ်ခေတ်ထခဲ့တဲ့ သီချင်းပိုင်ရှင်မလေး Camila Cabello ကို ချစ်စရာကောင်းတဲ့ စင်ဒရဲလားလေးအဖြစ် မြင်တွေ့ရမှာဖြစ်ပြီး...

အရင်က သိခဲ့တဲ့ Fairy Godmother နေရာမှာ Billy Porter က Fab G (fabulousgodmother) ဆိုပြီး ပါ၀င်ကာ LGBT society ကို supporting လုပ်ထားတာလည်း တွေ့ရပါတယ်။ 

OST တွေကလည်း တကယ်ကိုဘ၀င်တွေ့စရာမလို့ Camila ကို အားပေးချင်လို့ပဲ ဖြစ်စေ၊ အပျင်းပြေပဲဖြစ်စေ၊ ဂီတကို ခုံမင်လို့ပဲဖြစ်စေ ကြည့်ရှုရတာ fun ဖြစ်တဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

File Size – 2.2 Gb / 1.1 Gb / 336.9 MB

Quality – 1080p, 720p,360p WebDL

Duration – 1h 53min


Download Link




STREAM NOW❗


..... Thank For Watching ......


 

What If...? (2021)

အညွှန်း

Marvel စူပါဟီးရီုး စီးရီးအသစ် ထွက်လာပြန်ပါပြီ။ ဒီတစ်ခါတော့Animation အနေနဲ့ထွက်လာတာပါ။

ကမ္ဘာဒီဘက်ခြမ်းက လိပ်ပြာ​​လေးက ​တောင်ပံ​လေးတစ်ချက် ခတ်လိုက်တာ​ပဲ…ဒါ​ပေမယ့် ကမ္ဘာဟိုဘက်ခြမ်း မှာ​တော့ ​လေဆင်နှာ​မောင်းပါ တိုက်သွားတယ်ဆိုတဲ့ “Butterfly effect”ဆိုတာကို ကြားဖူးကြသလားဗျ၊

“အကယ်၍များ” ဒီလိပ်ပြာ​လေး ​တောင်ပံမခတ်ခဲ့ရင်၊ “အကယ်၍များ” ငါဒီဆုံးဖြတ်ချက်ကို ချလိုက်မိရင် စသဖြင့် ကိုယ့်ရဲ့လုပ်​ဆောင်မှု​​​သေး​​သေးလေး တစ်ခုက တစ်ကမ္ဘာလုံးရဲ့ ကံကြမ္မာကို ​ပြောင်းလဲသွားနိုင်တဲ့အဖြစ်မျိုးလူတိုင်းကြုံဖူး၊ ကြုံလာရမှာပါ။

“အကယ်၍များ” ​ဆုံးဖြတ်ချက်တစ်ခု​ကြောင့် Marvel Universe တစ်ခုလုံး က​ပေါက်တိက​ပေါက်ချာဖြစ်သွားခဲ့ရင် ပရိတ်သတ်​တွေနဲ့ရင်းနှီးပြီးသား ဇာတ်​ကောင်​တွေပြောင်းလဲကုန်​ရင် အပြိုင် World​အသစ်တွေ၊ Multiverse အသစ်​တွေ ထွက်​ပေါ်လာရင်….

စသဖြင့် မ​ရေမတွက်နိုင်တဲ့ ဖြစ်နိုင်​​ခြေ​တွေ၊ Timelineအသစ်၊ Universeအသစ်​တွေကို ချပြသွားမယ့် Marvelရဲ့ Brand New Animation seriesအသစ်

” What if….? ” ထွက်ရှိလာပါပြီ။

Live actionက အသံသရုပ်​ဆောင်​ တော်​​တော်များများ ပြန်ပါလာသလို ပရိတ်သတ်​တွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိ​သေးတဲ့ ဇာတ်လမ်းဇာတ်ကွက်မျိုး​တွေကို Animationအ​နေနဲ့ ကြည့်ရှုခံစားရမှာပါ၊ အပတ်စဥ် ဗုဒ္ဓဟူး​နေ့တိုင်း အပိုင်းသစ်ထွက်မှာမို့ စောင့်မျှော်ကြည့်ရှု့ပေးကြပါဦးနော်

Quality – 1080p WebRip

Duration – 30 mins 

Genre : Action, Adventure, Animation, Fantasy

Download Link

Ep 1
Ep 2
Ep 3
Ep 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9

..... Thank For Watching ......

46 Days (2021)

46 Days / မင်္ဂလာပွဲဖျက်ရန် ၄၆ရက်တာ (2021) 

Casts 

ယင်ယင် အဖြစ် Baifern Pimchanok
နွီုင်းနာ အဖြစ် Mild Lapassalan
ကွန် အဖြစ် Non Chanon
ဖတ်အဖြစ် Off Jumpol
ဝိဆာ အဖြစ် Ployphach

ဇာတ်လမ်းအကျဉ်း

ယင်ယင်နဲ့ နွိုင်းနာတို့ကက အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အားနွဲ့တဲ့ နွိုင်းနာကို ယင်ယင်ကပဲ အမြဲ ဂရုစိုက်ခဲ့ရပါတယ်။

နွိုင်းနာရဲ့ ရည်မှန်းချက်က သူ့ကိုကာကွယ်ပေးနိုင်မယ့် မင်းသားလေးနဲ့ လက်ထပ်ဖို့ပါပဲယ

အားလုံး ကောင်းမွန်နေတဲ့ နွိုင်းနာဟာ အချစ်ရေးမှာတော့ ကံမကောင်းခဲ့ပါဘူး ကံကြမ္မာအရ ချစ်တဲ့သူတိုင်း အလုခံနေရခဲ့ပါတယ်။

နွိုင်းနာ စိတ်ဓာတ်မကျအောင် ယင်ယင်နဲ့ ဗေဒင်ဆရာမပေါင်းပြီး လိမ်ဟောပေးလိုက်ရာက ဒီဇာတ်လမ်း စလာပါတော့တယ်။

ဆရာမရဲ့ ဟောကြားချက်အရ

အရွိုင်းနာရဲ့လက်တွဲဖော်က လူတွေကိုပြုစုစောင့်ရှောက်ပေးရတဲ့သူဖြစ်ပြီး...

ကွန် ဆိုတဲ့ဆရာဝန်အဆင်လေးနဲ့တွေ့ရာက လက်တွဲဖော်လို့ ယုံကြည်ကာ သဘောကျသွားပါတော့တယ်။

ဒါပေမယ့် ပြဿနာရှိနေတာက ကွန်မှာက
နှစ်ကာလရှည်ကြာတွဲလာခဲ့တဲ့ကောင်မလေးရှိနေပြီးမကြာခင်မှာလက်ထပ်ကြတော့မယ်😱

ဒီတော့အလွယ်တကူလက်လွှတ်လိုက်မလား
လက်ထပ်ပွဲကျင်းပဖို့ ၄၆ရက်သာကျန်ရှိမယ့်အချိန်အတွင်း ဒီမင်္ဂလာပွဲကိုရအောင်ဖျက်မလားဆိုတာ.....


စဉ်းစားစရာဖြစ်လာခဲ့တဲ့နောက် နွိုင်းနာက ယင်ယင်ကိုသူကြိုက်တဲ့ ဆရာဝန်ရဲ့မင်္ဂလာပွဲကိုဖျက်ပေးမလား...

Baifern ရဲ့အကြွေးကိုဆပ်မလားမေးလာခဲ့ချိန်မှာတော့ ၄၆ ရက်အတွင်းမင်္ဂလာပွဲကိုနည်းမျိုးစုံနဲ့ ဖျက်ဆီးဖို့ကြိုးစားရာကနေ ဒီဇာတ်လမ်းလေးစတင်လာခဲ့ပါတော့တယ်...

အချစ်ရေးဆိုးခဲ့တဲ့ နွိုင်းနာတစ်ယောက် ဆရာဝန်လေးကိုရော အလုခံရဦးမလား။

ကွန်ရဲ့ ချစ်သူကပဲ လက်ထပ်ပွဲ မပျက်အောင်ထိန်းနိုင်မလား။

ယင်ယင်ကပဲ ရအောင်ဖျက်နိုင်မလားဆိုတာ
" မင်္ဂလာပွဲဖျက်ရန် ၄၆ရက်တာ" ဇာတ်လမ်းတွဲမှာ ကြည့်ကြရအောင်...။


Native Title: 46วันฉันจะพังงานวิวาห์

Also Known As: 46 Days of Love Chaos , 46 Days, I Will Crash the Wedding , 46 Wan Chan Ja Pang Ngan Wiwah

Episodes: 18

Duration: 48 min.

Genres: Comedy, Romance

Aired: Jul 7, 2021 - Sep 2, 2021

Aired On: Wednesday, Thursday

Download Link

Ep 1
Ep 2
Ep 3
EP 4
Ep 5
Ep 6
Ep 7
Ep 8
Ep 9
Ep 10
Ep 11
Ep 12
Ep 13
Ep 14
Ep 15
Ep 16
Ep 17
Ep 18 (END)

Zip File - GDRIVE (Ads Link)


..... Thank For Watching ......

 

Followers

Slider

5/Teste Menu 7/slider
MM Official